အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ

Wednesday 23 November 2011

** ကျောင်းတော်ကြီး **

တစ်နယ်စီဝေး အမြဲမမေ့
သွေးမအေးပဲ
သတိရ တမ်းတ နေမြဲပါ----------။


ငယ်စဉ်ကလေးဘ၀က
သံယောဇဉ် တွယ်လာခဲ့သူမို့
 

ဘယ်လိုပင် ဝေးကွာ ဝေးကွာ
ရာသီတွေဟောင်း
နှစ်တွေပြောင်းလည်း
မေ့မရတာ ဖြစ်တတ်တဲ့ သဘာဝပါ..။


ငါ့တို ဘ၀ရဲ့ ကျောင်းတော်ကြီးလည်း
အခုလောက်ဆို ငါတို့ သူငယ်ချင်းတွေကို
လွမ်းနေလောက်ရောပေါ့------။


ဘ၀ရဲ့ အလှည့်အပြောင်းတစ်ခုကြောင့် ခွဲခွာခဲ့ကြရသလို
တစ်နေ့ ကံကြမ္မာကြောင့်ပဲ ငါ့တို့ ကျောင်းတော်ကြီးက သူငယ်ချင်းတွေ
 ပြန်ဆုံရလိမ့်မယ်ဆိုတာ
အမြဲတမ်း
ငါ---ယုံကြည်ထားပါတယ်-----။


ပြန်ဆုံမယ့် နေ့ကို
လက်ချိုးရေတွက်ရင်း
ငါ့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဆန္ဒအလျောက်
ကြိတ်မှိတ်ငိုနေဆဲပေါ့--------------။


ဒီကဗျာလေးက ညီမလေး တစ်ယောက်အတွက် ရေးဖွဲ့ ထားတဲ့ကဗျာလေးပါ...

ညီမလေးတစ်ယောက် ဘ၀ရဲ့ တောင့်တမှူတိုင်းကို အမြန်ဆုံးရရှိနိုင်ပါစေလို့  အကို ဆန္ဒပြုမိပါတယ်...

အလွမ်းမြေ

No comments:

Post a Comment