အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ

Wednesday 23 November 2011

**အချစ် ဧကရာဇ်**

အချစ် ဒဏ်ချက်
ရင်နှင့် သစ္စာ
တည်ထားသက်သေ
ချစ် မျက်လုံးလည်း
ရင်နှင့်ရင်းပြီး မက်မောတွယ်တာ
ကဗျာဆရာ အရှုံးပေးလောက်တယ်.

လွမ်းလျ တမ်းတ မှန်းဆကာ
ချစ်ရဲ့ အချစ်
ၾကိဳးတုပ္သြယ္လ်
ပြုံးနဲ့ယှဉ်ပြီး
ငါလေယူထား
လက်ခံငြားစေဦးတော့။

ချစ်ရဲ့နှလုံးသား
မေတ္တာထားရာ
ချစ်ရဲ့ ရင်တွင်းမှာတော့
အချစ် ဧကရာဇ်
ငါပဲဖြစ်ချင်တယ်ချစ်။

ရေမြေရေးခြား
ဖယ်ခွါလှမ်းဝေး
မရေရာလွမ်းတသသမှုနဲ့ 
ဝေဒနာ အချစ်
နှလုံးသားထဲ ဖောက်ဝင်လည်ပတ်လျှက်

ရင်နင့်စွာနဲ့
ခိုင်မြဲကာချစ်ကြိုး
မင်းကို သံယောဇဉ်အမြဲပျိုးလျက်ပါ။


                                                   အလွမ်းမြေ

No comments:

Post a Comment