အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ

Wednesday 23 November 2011

**အရေးပေါ် လူနာ**

ငါ ငိုအောင်လုပ်နေတာလား ကောင်မလေးရယ်

 

အထီးကျန်ဆန်မှူတွေ ဝေဆာနေတဲ့ ငါ့ရဲ့ အခန်းငယ်လေးထဲမှာ
နင်ရဲ့ အမုန်းတွေက လေနှင်ရာလွင့်နေတယ်

ငါ့ဘ၀ရဲ့  နေ့သစ်တွေတိုင်းမှာ
နင် ကမ်းလှမ်းပေးထားတဲ့ လက်တွေချည်းပဲ
အလှမ်းကွာမှုမိုင်တိုင်များကြား
တသွင်သွင် စီးဆင်းမျောပါနေတဲ့ နင်ကိုချစ်တဲ့ ငါ့ရဲ့ အချစ်
နင်ကို ငါ ကမ်းထားတဲ့လက်တွေ ဘယ်တော့ ဆက်မလဲ???? ။
ငါ့ရင်ဘတ်ထဲက ခံစားချက်တွေ မပစ်ပယ်နိုင်သမျှ
ဟောဒီကန်ရေပြင်ဟာ ကပ်တွယ်နေတဲ့ ငါ့ရဲ့ အချစ်တွေနဲ့
နွေးထွေးနေမှာပဲလေ ။

တကယ်တော့ ............
ငါသိတဲ့ ဥတု ဆယ့်နှစ်လရာသီဟာ
နောက်ဆို နင်ကို ချစ်တဲ့ အချစ်တွေနဲ့ လည်ပတ်နေမှာပါ
လူးလွန့်ရခက်တဲ့ အိမ်မက်ဆိုးတော့ မက်ရမှာကြောက်ရွှံဆဲမို့
ရူးမသွားအောင် နေတတ်ဖို့ ငါ့ကို အချစ်တွေ ပေးသနာတော်မူပါ..

ဒီကဗျာလေးဟာ ရွှေမြန်မာဥယျာဉ်မှ ခင်မင်ရသော ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်အတွက်  ရေးပေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ

ရွှင်လန်းချမ်းမြေ့ ပါစေသော်..

အလွမ်းမြေ

No comments:

Post a Comment