အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ

Thursday 24 November 2011

* ရာဇ၀င်ထဲက ကျွန်တော်ရဲ့ သတို့ သမီး *


ကဗျာထုဆစ်သူ
အလွမ်းသမားလေးမို့ 
“ရူးနေတဲ့လူတစ်ယောက်”လို့
ထင်မိနေသလား . . .ကောင်မလေး

ရင်ခုန်ခဲ့ဖူးသူ လူတစ်ယောက်မို့ 
မင်းနှလုံးသား နုနုလေးကို
လှည့်စားသွားတယ်လို့  မင်းထင်ရက်နေသလား..

ကောင်မလေး
မင်းအတွက်ဆိုရင်
မိုးကောင်ပေါ်က ကြယ်ကလေးတွေကိုတောင် ညည့်နက်သန်ခေါင်ယံ အချိန်မှာ
ရေတွက်လို့ ရချင်ရမယ်

ငါ မင်းကို ချစ်ခဲ့တဲ့ အချစ်တွေတော့ မြေပေါ်သို့ မြေခ ကြွေကျသွားတာတောင်
မင်းရေတွက်လို့  ကုန်မှာမဟုတ်ပါဘူး

မင်းကိုချစ်တဲ့အကြောင်း
ကဗျာ တစ်ပုဒ်ဖွဲ့ လို့ 

မိုးကောင်းကင်ကြီးကို သစ္စာဆိုပြီး
အဖော်ပြုလို့ 


ငါ့ရဲ့ အလွမ်း အဘိဓ္ဓာန်မှာ စီးချင်းထိုးရင်း

ပွင့်ထွက်လာတဲ့ မာန်ဟုန်ပြင်းပြင်း
အချစ်ပုစ္ဆာမို့ 

“ရာဇဝင်ထဲက သတို့ သမီး” မင်းဖြစ်ဖို့ 
မင်းတစ်ယောက်သည်သာ
ကိုယ့်ရင်ခွင်ထဲ ၀င်လာဖို့  လိုသည် . . .

 ကဗျာတစ်ပုဒ်တော့ မဟုတ်ပါဘူး...
                                            စိတ်ထဲက ခံစားချက်လေးတွေကို ရေးသားလိုက်တာပါ

မှတ်ချက်.........
.အပေါ်က ပုံလေးရဲ့ ကောင်မလေးကတော့ ကောင်လေးရဲ့ ရာဇ၀င်ထဲက သတို့ သမီးဖြစ်ဖို့ 
လက်ထဲက မိုးပျံပူဖောင်းလေးကို ကောင်းကင်ပေါ်သို့ ဆန်တက်သွားအောင် လွတ်ပေးလိုက်ရုံသာရှိပါတော့သည်.

ဥယျာဉ်သူ ဥယျာဉ်သား အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ

ကဗျာရေးသားသူ

အလွမ်းမြေ+ချစ်

Wednesday 23 November 2011

ရွှေမြန်မာဥယျာဉ်မှ လူပျိုဆောင် (သတိ) မိန်းကလေးများ မ၀င်ရ)

တစ်ယောက်ထဲ ၀မ်းနည်းလို့မှ
တိမ်တွေကို မော့ကြည့်မိပါတယ်…
အဆိုတော်ဒေးဗစ်နဲ့ ကိုစောနောင်နဲ့ လာဆုံရတယ်လို့…


စိတ်ညစ်လို့မှ
သူများတွေလို အရက်သောက်မယ်ကျန်တုန်းရှိသေးတယ်…
အရေးထဲ ငတ်ကြီးကျပြီး လုသောက်တဲ့ ဒေးဗစ်ကြီးက ရှိနေပြန်ရော

ရင်ဘတ်တွေ အောင့်လွန်းလို့ ဆေးခန်းလေးသွားမိပါတယ်…
အသည်းကွဲလို့ ရောက်လာတဲ့ လူနာက
မဟာနန်းမှာ ဆုံရင် ထိပ်ဆုံးက ကစ်တဲ့ အာကာမိုးနိုင်နဲ့ လာဆုံပြန်ရော

စိတ်ပင်ပန်းလွန်းလို့
ကန်တော်ကြီးက ခုံတန်းလေးမှာ သွားထိုင်မိပါတယ်…
ကိုကျော်ဇင်နဲ့  နှင်းနှင်းတို့ အတွဲနဲ့  လာတွေ့ ပြန်ရော

တော်ပါသေးရဲ့…
သောက်နေရင်း အိမ်မက်မက်တာ ဘီယာတစ်ဝက်ကျန်သေးလို့ 
ဆက်ဆွဲလိုက်ဦးမယ်....

မှတ်ချက်....
                                     ကမ္ဘာကျော် မင်းသား သုံးဦးရဲ့ ရင်တွင်းစကားသံများ

အဆိုတော် ဒေးဗစ်...

               ငါ့ရင်ဘတ်ထဲက love ဆိုတဲ့ အချစ်ကို ..သို့ .. ရုပ်ရှင်မင်းသမီး ဖွေးဖွေးဆီ တသက်စာ  ထာဝရ ပေးလိုက်ပြီ ။
                                                           တစ်မျိုးတော့ မထင်ပါနဲ့ ..(မူးနေတဲ့ အချိန်မို့ လို့ ပါ)

အသည်းကွဲ မင်းသားကြီး ..ကိုစောနောင်


                ပန်း”လေးလို မွှေးပျံ့ လန်းဆန်းနေတဲ့ မင်းလေးကို “ခ”လေးတစ်ယောက်ကို ဖြူစင်ရိုးသားလို့ သိပ်ချစ်ပါတယ်.. ချစ်သူ”ရေ” မင်းကို ငါ သိပ်ချစ်ပါတယ်။ ။
                                                            ( ဟီးးးးးးးးးးသူကတော့ ကောင်းတော့ကောင်းနေတယ်...ဘာကောင်းလဲတော့ မသိဝူး)

အချစ်ဒသန ဆရာ....အာကာမိုးနိုင်..

                                              ခြောက်သွေ့နေတဲ့ မင်း အပြုံးတွေကို
                                              ခုနှစ်စဉ်ကြယ်အလား တောက်ပစေမယ်ဆိုရင်
                                              ခုနှစ်ထွေပါမကျန် ရှစ်ထွေပါ
                                              ကိုးရိုးကားရား ကပြရပါစေ
                                              ဆယ်လီစနစ်နဲ့ ဒဿမဆုံးတိုင် ပေးဆပ်နေမယ့် သူပါကောင်မလေးရယ်။

                                                                  (သူလည်းပဲ ဟဲဟဲ..တစ်ခုခုတော့ တစ်ခုခုပဲ ဘာဖြစ်သွားတာလဲ ဟင်)


         ရွှေမြန်မာဥယျာဉ်သူ ဥယျာဉ်သား အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေသော်

အလွမ်းမြေ

***နောက်ဆုံးရင်ခွင်***

နောက်ဆုံးရင်ခွင်
သူရဲ့အချစ်
အလွမ်းသမားလေးတစ်ယောက်
ဒူးထောက်ရလည်း
နောက်ပြန်မလှည့်
သူမကို လွမ်းတော့

အလွမ်းရဲ့ နတ်ဆိုး
လာဝင်တိုးခဲ့ 
အတိုင်းအဆမရှိ
မင်းအချစ်ကြောင့်
ရင်တွေ ကွဲအက်လည်း

ငါ့ကိုယ်ငါ အမျက်မ၀င်
ပြစ်မတင်ဘဲ
မမြင်ရာပုန်း
ဟန်ဆောင်ပြုံးရင်း

နောက်ဆုံးအချစ်
ရင်ခွင်မှာပိုက်
သူအချစ်ကြောင့်
အလွမ်းသမားလေး တစ်ယောက်
လမ်းတွေလျှောက်ဆဲ.............။           ။

ရွှေမြန်မာဥယျာဉ်သူ ဥယျာဉ်သား အားလုံး ရွှင်လန်းချမ်းမြေ့ ပါစေသော်.....

အလွမ်းမြေ

**အချစ် ဧကရာဇ်**

အချစ် ဒဏ်ချက်
ရင်နှင့် သစ္စာ
တည်ထားသက်သေ
ချစ် မျက်လုံးလည်း
ရင်နှင့်ရင်းပြီး မက်မောတွယ်တာ
ကဗျာဆရာ အရှုံးပေးလောက်တယ်.

လွမ်းလျ တမ်းတ မှန်းဆကာ
ချစ်ရဲ့ အချစ်
ၾကိဳးတုပ္သြယ္လ်
ပြုံးနဲ့ယှဉ်ပြီး
ငါလေယူထား
လက်ခံငြားစေဦးတော့။

ချစ်ရဲ့နှလုံးသား
မေတ္တာထားရာ
ချစ်ရဲ့ ရင်တွင်းမှာတော့
အချစ် ဧကရာဇ်
ငါပဲဖြစ်ချင်တယ်ချစ်။

ရေမြေရေးခြား
ဖယ်ခွါလှမ်းဝေး
မရေရာလွမ်းတသသမှုနဲ့ 
ဝေဒနာ အချစ်
နှလုံးသားထဲ ဖောက်ဝင်လည်ပတ်လျှက်

ရင်နင့်စွာနဲ့
ခိုင်မြဲကာချစ်ကြိုး
မင်းကို သံယောဇဉ်အမြဲပျိုးလျက်ပါ။


                                                   အလွမ်းမြေ

**အရေးပေါ် လူနာ**

ငါ ငိုအောင်လုပ်နေတာလား ကောင်မလေးရယ်

 

အထီးကျန်ဆန်မှူတွေ ဝေဆာနေတဲ့ ငါ့ရဲ့ အခန်းငယ်လေးထဲမှာ
နင်ရဲ့ အမုန်းတွေက လေနှင်ရာလွင့်နေတယ်

ငါ့ဘ၀ရဲ့  နေ့သစ်တွေတိုင်းမှာ
နင် ကမ်းလှမ်းပေးထားတဲ့ လက်တွေချည်းပဲ
အလှမ်းကွာမှုမိုင်တိုင်များကြား
တသွင်သွင် စီးဆင်းမျောပါနေတဲ့ နင်ကိုချစ်တဲ့ ငါ့ရဲ့ အချစ်
နင်ကို ငါ ကမ်းထားတဲ့လက်တွေ ဘယ်တော့ ဆက်မလဲ???? ။
ငါ့ရင်ဘတ်ထဲက ခံစားချက်တွေ မပစ်ပယ်နိုင်သမျှ
ဟောဒီကန်ရေပြင်ဟာ ကပ်တွယ်နေတဲ့ ငါ့ရဲ့ အချစ်တွေနဲ့
နွေးထွေးနေမှာပဲလေ ။

တကယ်တော့ ............
ငါသိတဲ့ ဥတု ဆယ့်နှစ်လရာသီဟာ
နောက်ဆို နင်ကို ချစ်တဲ့ အချစ်တွေနဲ့ လည်ပတ်နေမှာပါ
လူးလွန့်ရခက်တဲ့ အိမ်မက်ဆိုးတော့ မက်ရမှာကြောက်ရွှံဆဲမို့
ရူးမသွားအောင် နေတတ်ဖို့ ငါ့ကို အချစ်တွေ ပေးသနာတော်မူပါ..

ဒီကဗျာလေးဟာ ရွှေမြန်မာဥယျာဉ်မှ ခင်မင်ရသော ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်အတွက်  ရေးပေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ

ရွှင်လန်းချမ်းမြေ့ ပါစေသော်..

အလွမ်းမြေ

**ဖြတ်သန်းသွားလာ ခွင့်ပြုပါ**

နှလုံးသားလေးတစ်စုံအတွက်

ဟောဒီရင်ဘတ်

တလှပ်လှပ်



မိုးသားတွေ အုံ့ ဆိုင်းလာပြီ

ကယ်....မိုးမင်းကြီးရေ

မင်းနဲ့ ငါ အချစ် ပြိုင်မယ်

ရောက်ရာအရပ်မှာ ရွာနိုင်သလောက်သာ ရွာပေတော့

မင်းပဲ ရွာနိုင်မလား ..ငါပဲ ချစ်နိုင်မလား


ဖြစ်နိုင်မယ်ဆိုရင်

ဟောဒီ ရင်ဘတ် တစ်ခုလုံးကို ခြွေချ

ချစ်တတ်လာအောင် ကြွေပြချင်တာလေ။



ကလေး အမူအယာနဲ့

ကိုယ့်ရဲ့ အချစ်နတ်သမီးလေးရေ.........

ရင်ခုန်သံချင်း လမ်းလျှောက်လို့ ရအောင်

မင်းရဲ့နှလုံးသားထဲ

ကိုယ့်ကို ဖြတ်သန်းသွားလာ ခွင့်ပြုပါ။

 ကဗျာကတော့ ပျင်းတာနဲ့  ရေးမိလိုက်တာပါ ..ကောင်းတော့ မကောင်းဘူး

ပျော်ရွှင်ချမ်းမြေ့ ပါစေ

အလွမ်းမြေ

**သန်းခေါင်ယံ အလွမ်း**

အလွမ်း တချို့ မျက်ရည် တချို့ နဲ့….

ခပ်တိုးတိုးလေး စီးဆင်းလို့….

တိတ်ဆိတ်တဲ့ ညလေးတွေမှာ လရောင်ဖြာကျနေပုံက အစ
အထီးကျန်ဆန်လှတဲ့ ညတွေ

……အချစ် ရနံ့လေးပဲ ဖြစ်ဖြစ်
 နမ်းရှိုက်ခွင့် ရချင်မိခဲ့တာပါ…


ခုတော့လည်း…
လောကရဲ့ တမ်းတမှူ  လွမ်းဆွတ်မှူတွေကို  အဓိပ္ဗါယ်ရှာနေရပြီ..

ဘာလို့…အလွမ်းတွေ နှလုံးသားထဲကို ကြတာပါလိမ့်….။
 
လွမ်းသောစိတ်နှင့် ငေးမောမိတော့

အလွမ်းရဲ့ ဆုလာဘ်သာ ရရှိခဲ့



အလွမ်းသမားလေးရဲ့  နိဂုံး


ဘယ်သူတွေက ပြုံးလို့


ဘယ်သူတွေ မုန်းနေအုံးမှာလည်း.....



ခုတော့ ခုတော့


ခြေရာပျောက်ခဲ့သော အချစ်လမ်းပေါ်မှာ


ထင်ယောင်ထင်မှား အသံတွေကကြား ဘယ်သူများလည်းနော်......


ညဉ့် ငှက်တို့တစ်ဖျက်ဖျက်ပျံရင်း


ကောင်မလေးရင်တွင်းမှာ


ဘယ်သူကိုတမ်းတမိနေလဲ
အခုတော့

           အလွမ်းသမားလေး တစ်ယောက်သာ တမ်းတ လွမ်းဆွတ်မိနေတာပါ


          ဥယျာဉ်သူ ဥယျာဉ်သားအားလုံး      ရွှင်လန်းချမ်းမြေ့ ကြပါစေသော်.............

    အလွမ်းမြေ