အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ

Thursday 24 November 2011

* ရာဇ၀င်ထဲက ကျွန်တော်ရဲ့ သတို့ သမီး *


ကဗျာထုဆစ်သူ
အလွမ်းသမားလေးမို့ 
“ရူးနေတဲ့လူတစ်ယောက်”လို့
ထင်မိနေသလား . . .ကောင်မလေး

ရင်ခုန်ခဲ့ဖူးသူ လူတစ်ယောက်မို့ 
မင်းနှလုံးသား နုနုလေးကို
လှည့်စားသွားတယ်လို့  မင်းထင်ရက်နေသလား..

ကောင်မလေး
မင်းအတွက်ဆိုရင်
မိုးကောင်ပေါ်က ကြယ်ကလေးတွေကိုတောင် ညည့်နက်သန်ခေါင်ယံ အချိန်မှာ
ရေတွက်လို့ ရချင်ရမယ်

ငါ မင်းကို ချစ်ခဲ့တဲ့ အချစ်တွေတော့ မြေပေါ်သို့ မြေခ ကြွေကျသွားတာတောင်
မင်းရေတွက်လို့  ကုန်မှာမဟုတ်ပါဘူး

မင်းကိုချစ်တဲ့အကြောင်း
ကဗျာ တစ်ပုဒ်ဖွဲ့ လို့ 

မိုးကောင်းကင်ကြီးကို သစ္စာဆိုပြီး
အဖော်ပြုလို့ 


ငါ့ရဲ့ အလွမ်း အဘိဓ္ဓာန်မှာ စီးချင်းထိုးရင်း

ပွင့်ထွက်လာတဲ့ မာန်ဟုန်ပြင်းပြင်း
အချစ်ပုစ္ဆာမို့ 

“ရာဇဝင်ထဲက သတို့ သမီး” မင်းဖြစ်ဖို့ 
မင်းတစ်ယောက်သည်သာ
ကိုယ့်ရင်ခွင်ထဲ ၀င်လာဖို့  လိုသည် . . .

 ကဗျာတစ်ပုဒ်တော့ မဟုတ်ပါဘူး...
                                            စိတ်ထဲက ခံစားချက်လေးတွေကို ရေးသားလိုက်တာပါ

မှတ်ချက်.........
.အပေါ်က ပုံလေးရဲ့ ကောင်မလေးကတော့ ကောင်လေးရဲ့ ရာဇ၀င်ထဲက သတို့ သမီးဖြစ်ဖို့ 
လက်ထဲက မိုးပျံပူဖောင်းလေးကို ကောင်းကင်ပေါ်သို့ ဆန်တက်သွားအောင် လွတ်ပေးလိုက်ရုံသာရှိပါတော့သည်.

ဥယျာဉ်သူ ဥယျာဉ်သား အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ

ကဗျာရေးသားသူ

အလွမ်းမြေ+ချစ်

1 comment: