အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ

Wednesday 23 November 2011

**ရင်ဘတ်လေးထိရှသွားရင် ခွင့်လွတ်ပါဗျာ**

အချစ် ရင်ဘတ်လေး မှားခေါက်ခဲ့မိတယ်
ရင်ဘတ်လေး ထိရှသွားရင် ခွင့်လွှတ်ပါ

ဒီတိုင်းပဲ မိန်းကလေး မင်းရဲ့ ရင်ဘတ်ထဲက
ထွက်သွားခွင့်ပြုပါတော့
လာခဲ့တုန်းက အတိုင်းပါပဲ
နောက်ဆုံးတော့လည်း ငါ့ရဲ့ ရင်ဘတ်ထဲမှာ ဘာမှယူဆောင်မသွားခဲ့ပါဘူး
ငါ့ရောက်ခဲ့တယ်ဆိုတဲ့
မင်းရဲ့ နှလုံးသား မှတ်တမ်းမှာ မင်းဖျက်ချင်ရင် ဖျက်ပစ်လို့ ရပါပြီ
မိန်းကလေး မင်းပြောခဲ့သလိုပေါ့
စိတ်ကစားနေတာပါတဲ့
မင်းပြောခဲ့သလိုပေါ့
ကဗျာလည်းမဆန်ခဲ့ပါဘူး
ဂန္တ၀င်လည်းမတွင်ခဲ့ပါဘူး
ဘာမှလည်းမရရှိခဲ့ပါဘူး
ရင်ခုန်ခဲ့တယ်ဆိုတာလည်း
ငါ့ စိတ်ကစားမိလို့ ဖြစ်မှာပါ
ဗျာ……….ဟုတ်ကဲ့
အချစ်ဆိုတာလား
သြော်……..
ကျွန်တော်က မလေးရှားက အလွမ်းမြေပေါ့ဗျာ
မင်း သိလည်းအပိုပါပဲ ဘာမှမထူးတော့ပါဘူး
ကျွန်တော် အချစ်အကြောင်းပြောရတာ ၀ါသနာမပါဘူး
အလွမ်းအကြောင်းဆိုရင်တော့ လွမ်းရတဲ့သူဆိုတော့ ပြောရတာပေါ့ဗျာ
ဖြည်းဖြည်းလည်းမပြောချင်တော့ပါဘူး
……..ဟုတ်ပါတယ်ခင်ဗျာ
ကျွန်တော် ရင်ဘတ်လေး မှားခေါက်ခဲ့မိပါတယ်
ရင်ဘတ်လေး ထိရှသွားရင် ခွင့်လွှတ်ပေးပါဗျာ……………………….။ ။

အလွမ်းမြေ

No comments:

Post a Comment