အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ

Wednesday 23 November 2011

** ကောင်မလေး မျက်နှာ **

ကောင်းကင်ပေါ်က မိုးရေလေးတွေ မြေပြင်ပေါ် ကျဖို့  ပျင်းပျစွာ လှုပ်ရှားလို့ လာပြီ
ကောင်းကင်းပေါ် ငေးငေးလေးကြည့်နေတယ်
လမသာ နေမပူ ငါ့ရင်ထဲ နေတွေပူနေတယ်
မြင်နေတဲ့ အရိပ်တိုင်းမှာ မင်းမျက်နှာ ထင်လာလို့ ငါ
ပြုံးလို့တောင်ပြမိပါရဲ့

ကောင်းကင်ပေါ်က ကြယ်တွေတောင် ငါ့ကိုလှောင်လို့ ......

အတွေးတွေ အတိတ်ကို ခဏတာ ပြန်တူးဖော်ကြည့်မိတော့
  ဟူး.ဆိုပြီး  သက်ပြင်းချစရာ မြင်ကွင်း
အလွမ်းတွေကို ခပ်နက်နက်တူးဖော်ရင်း
ကိုယ့်ရင်ဘတ်ကိုယ် ကာရံညိုမိတယ်။

ဟော..အလွမ်း ကဗျာတစ်ပုဒ်
မင်း အတွက် အသင့်ဖြစ်နေပြီ
ငါ စိတ်အစဉ်တွေ ဘယ်ရောက်နေလဲ.
အချစ်လား ...  အလွမ်းလား
ကာရံမညီတာတော့ သေချာတယ်။
အမုန်းလား ..ဒဏ်ရာလား ...
သေချာတော့ ရင်ဘတ်ထဲက လွမ်းဆွတ်မှူတွေ ပြင်းပြလို့ နေလေပြီ။

ဟိုးဝေးဝေးက.......
  နှလုံးသား တစ်စုံရဲ့ တမ်းတလွတ်ဆွတ်မှူကြောင့်
ဒီစာလေးဟာ ကဗျာတစ်ပုဒ်ဖြစ်နိုင်သလို
မင်းနဲ့ ငါ အချစ်ခြင်း စီးချင်းထိုးတဲ့
စာသားတွေလဲ ဖြစ်နိုင်တယ်။


အလွမ်းတွေကိုလဲ
ဘ၀လို့ ထင်ဖူးပီ

အလွမ်းတွေနောက်
အားကုန်လိုက်ရင်း
"ငါ့ ရင်ဘတ်ထဲက နှလုံးသားကိုတောင် ခွဲထုတ်ပစ်လိုက်ချင်ပြီ"


ကျွန်တော်နေတဲ့ malaysia နိုင်ငံ sardam မြို့ လေးမှာ မိုးတွေ အရမ်းရွာနေလို့  ဒီကဗျာလေးကို ရေးမိသွားတာပါ

ရွှင်လန်းချမ်းမြေကြပါစေ

အလွမ်းမြေ

No comments:

Post a Comment