အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ

Wednesday 23 November 2011

**သန်းခေါင်ယံ အလွမ်း**

အလွမ်း တချို့ မျက်ရည် တချို့ နဲ့….

ခပ်တိုးတိုးလေး စီးဆင်းလို့….

တိတ်ဆိတ်တဲ့ ညလေးတွေမှာ လရောင်ဖြာကျနေပုံက အစ
အထီးကျန်ဆန်လှတဲ့ ညတွေ

……အချစ် ရနံ့လေးပဲ ဖြစ်ဖြစ်
 နမ်းရှိုက်ခွင့် ရချင်မိခဲ့တာပါ…


ခုတော့လည်း…
လောကရဲ့ တမ်းတမှူ  လွမ်းဆွတ်မှူတွေကို  အဓိပ္ဗါယ်ရှာနေရပြီ..

ဘာလို့…အလွမ်းတွေ နှလုံးသားထဲကို ကြတာပါလိမ့်….။
 
လွမ်းသောစိတ်နှင့် ငေးမောမိတော့

အလွမ်းရဲ့ ဆုလာဘ်သာ ရရှိခဲ့



အလွမ်းသမားလေးရဲ့  နိဂုံး


ဘယ်သူတွေက ပြုံးလို့


ဘယ်သူတွေ မုန်းနေအုံးမှာလည်း.....



ခုတော့ ခုတော့


ခြေရာပျောက်ခဲ့သော အချစ်လမ်းပေါ်မှာ


ထင်ယောင်ထင်မှား အသံတွေကကြား ဘယ်သူများလည်းနော်......


ညဉ့် ငှက်တို့တစ်ဖျက်ဖျက်ပျံရင်း


ကောင်မလေးရင်တွင်းမှာ


ဘယ်သူကိုတမ်းတမိနေလဲ
အခုတော့

           အလွမ်းသမားလေး တစ်ယောက်သာ တမ်းတ လွမ်းဆွတ်မိနေတာပါ


          ဥယျာဉ်သူ ဥယျာဉ်သားအားလုံး      ရွှင်လန်းချမ်းမြေ့ ကြပါစေသော်.............

    အလွမ်းမြေ

No comments:

Post a Comment