အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ
အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ
Thursday 24 November 2011
* ရာဇ၀င်ထဲက ကျွန်တော်ရဲ့ သတို့ သမီး *
ကဗျာထုဆစ်သူ
အလွမ်းသမားလေးမို့ 
“ရူးနေတဲ့လူတစ်ယောက်”လို့
ထင်မိနေသလား . . .ကောင်မလေး
ရင်ခုန်ခဲ့ဖူးသူ လူတစ်ယောက်မို့ 
မင်းနှလုံးသား နုနုလေးကို
လှည့်စားသွားတယ်လို့  မင်းထင်ရက်နေသလား..
ကောင်မလေး
မင်းအတွက်ဆိုရင်
မိုးကောင်ပေါ်က ကြယ်ကလေးတွေကိုတောင် ညည့်နက်သန်ခေါင်ယံ အချိန်မှာ
ရေတွက်လို့ ရချင်ရမယ်
ငါ မင်းကို ချစ်ခဲ့တဲ့ အချစ်တွေတော့ မြေပေါ်သို့ မြေခ ကြွေကျသွားတာတောင်
မင်းရေတွက်လို့  ကုန်မှာမဟုတ်ပါဘူး
မင်းကိုချစ်တဲ့အကြောင်း
ကဗျာ တစ်ပုဒ်ဖွဲ့ လို့ 
မိုးကောင်းကင်ကြီးကို သစ္စာဆိုပြီး
အဖော်ပြုလို့ 
ငါ့ရဲ့ အလွမ်း အဘိဓ္ဓာန်မှာ စီးချင်းထိုးရင်း
ပွင့်ထွက်လာတဲ့ မာန်ဟုန်ပြင်းပြင်း
အချစ်ပုစ္ဆာမို့ 
“ရာဇဝင်ထဲက သတို့ သမီး” မင်းဖြစ်ဖို့ 
မင်းတစ်ယောက်သည်သာ
ကိုယ့်ရင်ခွင်ထဲ ၀င်လာဖို့  လိုသည် . . .
 ကဗျာတစ်ပုဒ်တော့ မဟုတ်ပါဘူး...
                                            စိတ်ထဲက ခံစားချက်လေးတွေကို ရေးသားလိုက်တာပါ
မှတ်ချက်.........
.အပေါ်က ပုံလေးရဲ့ ကောင်မလေးကတော့ ကောင်လေးရဲ့ ရာဇ၀င်ထဲက သတို့ သမီးဖြစ်ဖို့ 
လက်ထဲက မိုးပျံပူဖောင်းလေးကို ကောင်းကင်ပေါ်သို့ ဆန်တက်သွားအောင် လွတ်ပေးလိုက်ရုံသာရှိပါတော့သည်.
ဥယျာဉ်သူ ဥယျာဉ်သား အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ
အလွမ်းမြေ
ကဗျာရေးသားသူ
အလွမ်းမြေ+ချစ်
Wednesday 23 November 2011
ရွှေမြန်မာဥယျာဉ်မှ လူပျိုဆောင် (သတိ) မိန်းကလေးများ မ၀င်ရ)
တစ်ယောက်ထဲ ၀မ်းနည်းလို့မှ
တိမ်တွေကို မော့ကြည့်မိပါတယ်…
အဆိုတော်ဒေးဗစ်နဲ့ ကိုစောနောင်နဲ့ လာဆုံရတယ်လို့…
စိတ်ညစ်လို့မှ
သူများတွေလို အရက်သောက်မယ်ကျန်တုန်းရှိသေးတယ်…
အရေးထဲ ငတ်ကြီးကျပြီး လုသောက်တဲ့ ဒေးဗစ်ကြီးက ရှိနေပြန်ရော
ရင်ဘတ်တွေ အောင့်လွန်းလို့ ဆေးခန်းလေးသွားမိပါတယ်…
အသည်းကွဲလို့ ရောက်လာတဲ့ လူနာက
မဟာနန်းမှာ ဆုံရင် ထိပ်ဆုံးက ကစ်တဲ့ အာကာမိုးနိုင်နဲ့ လာဆုံပြန်ရော
စိတ်ပင်ပန်းလွန်းလို့
ကန်တော်ကြီးက ခုံတန်းလေးမှာ သွားထိုင်မိပါတယ်…
ကိုကျော်ဇင်နဲ့  နှင်းနှင်းတို့ အတွဲနဲ့  လာတွေ့ ပြန်ရော
တော်ပါသေးရဲ့…
သောက်နေရင်း အိမ်မက်မက်တာ ဘီယာတစ်ဝက်ကျန်သေးလို့ 
ဆက်ဆွဲလိုက်ဦးမယ်....
မှတ်ချက်....
                                     ကမ္ဘာကျော် မင်းသား သုံးဦးရဲ့ ရင်တွင်းစကားသံများ
အဆိုတော် ဒေးဗစ်...
               ငါ့ရင်ဘတ်ထဲက love ဆိုတဲ့ အချစ်ကို ..သို့ .. ရုပ်ရှင်မင်းသမီး ဖွေးဖွေးဆီ တသက်စာ  ထာဝရ ပေးလိုက်ပြီ ။
                                                           တစ်မျိုးတော့ မထင်ပါနဲ့ ..(မူးနေတဲ့ အချိန်မို့ လို့ ပါ)
အသည်းကွဲ မင်းသားကြီး ..ကိုစောနောင်
                ပန်း”လေးလို မွှေးပျံ့ လန်းဆန်းနေတဲ့ မင်းလေးကို “ခ”လေးတစ်ယောက်ကို ဖြူစင်ရိုးသားလို့ သိပ်ချစ်ပါတယ်.. ချစ်သူ”ရေ” မင်းကို ငါ သိပ်ချစ်ပါတယ်။ ။
                                                            ( ဟီးးးးးးးးးးသူကတော့ ကောင်းတော့ကောင်းနေတယ်...ဘာကောင်းလဲတော့ မသိဝူး)
အချစ်ဒသန ဆရာ....အာကာမိုးနိုင်..
                                              ခြောက်သွေ့နေတဲ့ မင်း အပြုံးတွေကို
                                              ခုနှစ်စဉ်ကြယ်အလား တောက်ပစေမယ်ဆိုရင်
                                              ခုနှစ်ထွေပါမကျန် ရှစ်ထွေပါ
                                              ကိုးရိုးကားရား ကပြရပါစေ
                                              ဆယ်လီစနစ်နဲ့ ဒဿမဆုံးတိုင် ပေးဆပ်နေမယ့် သူပါကောင်မလေးရယ်။
                                                                  (သူလည်းပဲ ဟဲဟဲ..တစ်ခုခုတော့ တစ်ခုခုပဲ ဘာဖြစ်သွားတာလဲ ဟင်)
         ရွှေမြန်မာဥယျာဉ်သူ ဥယျာဉ်သား အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေသော်
အလွမ်းမြေ
***နောက်ဆုံးရင်ခွင်***
နောက်ဆုံးရင်ခွင်
သူရဲ့အချစ်
အလွမ်းသမားလေးတစ်ယောက်
ဒူးထောက်ရလည်း
နောက်ပြန်မလှည့်
သူမကို လွမ်းတော့
အလွမ်းရဲ့ နတ်ဆိုး
လာဝင်တိုးခဲ့ 
အတိုင်းအဆမရှိ
မင်းအချစ်ကြောင့်
ရင်တွေ ကွဲအက်လည်း
ငါ့ကိုယ်ငါ အမျက်မ၀င်
ပြစ်မတင်ဘဲ
မမြင်ရာပုန်း
ဟန်ဆောင်ပြုံးရင်း
နောက်ဆုံးအချစ်
ရင်ခွင်မှာပိုက်
သူအချစ်ကြောင့်
အလွမ်းသမားလေး တစ်ယောက်
လမ်းတွေလျှောက်ဆဲ.............။           ။
ရွှေမြန်မာဥယျာဉ်သူ ဥယျာဉ်သား အားလုံး ရွှင်လန်းချမ်းမြေ့ ပါစေသော်.....
အလွမ်းမြေ
**အချစ် ဧကရာဇ်**
အချစ် ဒဏ်ချက်
ရင်နှင့် သစ္စာ
တည်ထားသက်သေ
ချစ် မျက်လုံးလည်း
ရင်နှင့်ရင်းပြီး မက်မောတွယ်တာ
ကဗျာဆရာ အရှုံးပေးလောက်တယ်.
လွမ်းလျ တမ်းတ မှန်းဆကာ
ချစ်ရဲ့ အချစ်
ၾကိဳးတုပ္သြယ္လ်
ပြုံးနဲ့ယှဉ်ပြီး
ငါလေယူထား
လက်ခံငြားစေဦးတော့။
ချစ်ရဲ့နှလုံးသား
မေတ္တာထားရာ
ချစ်ရဲ့ ရင်တွင်းမှာတော့
အချစ် ဧကရာဇ်
ငါပဲဖြစ်ချင်တယ်ချစ်။
ရေမြေရေးခြား
ဖယ်ခွါလှမ်းဝေး
မရေရာလွမ်းတသသမှုနဲ့ 
ဝေဒနာ အချစ်
နှလုံးသားထဲ ဖောက်ဝင်လည်ပတ်လျှက်
ရင်နင့်စွာနဲ့
ခိုင်မြဲကာချစ်ကြိုး
မင်းကို သံယောဇဉ်အမြဲပျိုးလျက်ပါ။
                                                   အလွမ်းမြေ
**အရေးပေါ် လူနာ**
ငါ ငိုအောင်လုပ်နေတာလား ကောင်မလေးရယ်
အထီးကျန်ဆန်မှူတွေ ဝေဆာနေတဲ့ ငါ့ရဲ့ အခန်းငယ်လေးထဲမှာ
နင်ရဲ့ အမုန်းတွေက လေနှင်ရာလွင့်နေတယ်
ငါ့ဘ၀ရဲ့  နေ့သစ်တွေတိုင်းမှာ
နင် ကမ်းလှမ်းပေးထားတဲ့ လက်တွေချည်းပဲ
အလှမ်းကွာမှုမိုင်တိုင်များကြား
တသွင်သွင် စီးဆင်းမျောပါနေတဲ့ နင်ကိုချစ်တဲ့ ငါ့ရဲ့ အချစ်
နင်ကို ငါ ကမ်းထားတဲ့လက်တွေ ဘယ်တော့ ဆက်မလဲ???? ။
ငါ့ရင်ဘတ်ထဲက ခံစားချက်တွေ မပစ်ပယ်နိုင်သမျှ
ဟောဒီကန်ရေပြင်ဟာ ကပ်တွယ်နေတဲ့ ငါ့ရဲ့ အချစ်တွေနဲ့
နွေးထွေးနေမှာပဲလေ ။
တကယ်တော့ ............
ငါသိတဲ့ ဥတု ဆယ့်နှစ်လရာသီဟာ
နောက်ဆို နင်ကို ချစ်တဲ့ အချစ်တွေနဲ့ လည်ပတ်နေမှာပါ
လူးလွန့်ရခက်တဲ့ အိမ်မက်ဆိုးတော့ မက်ရမှာကြောက်ရွှံဆဲမို့
ရူးမသွားအောင် နေတတ်ဖို့ ငါ့ကို အချစ်တွေ ပေးသနာတော်မူပါ..
ဒီကဗျာလေးဟာ ရွှေမြန်မာဥယျာဉ်မှ ခင်မင်ရသော ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်အတွက်  ရေးပေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ
ရွှင်လန်းချမ်းမြေ့ ပါစေသော်..
အလွမ်းမြေ
**ဖြတ်သန်းသွားလာ ခွင့်ပြုပါ**
နှလုံးသားလေးတစ်စုံအတွက်
ဟောဒီရင်ဘတ်
တလှပ်လှပ်
မိုးသားတွေ အုံ့ ဆိုင်းလာပြီ
ကယ်....မိုးမင်းကြီးရေ
မင်းနဲ့ ငါ အချစ် ပြိုင်မယ်
ရောက်ရာအရပ်မှာ ရွာနိုင်သလောက်သာ ရွာပေတော့
မင်းပဲ ရွာနိုင်မလား ..ငါပဲ ချစ်နိုင်မလား
ဖြစ်နိုင်မယ်ဆိုရင်
ဟောဒီ ရင်ဘတ် တစ်ခုလုံးကို ခြွေချ
ချစ်တတ်လာအောင် ကြွေပြချင်တာလေ။
ကလေး အမူအယာနဲ့
ကိုယ့်ရဲ့ အချစ်နတ်သမီးလေးရေ.........
ရင်ခုန်သံချင်း လမ်းလျှောက်လို့ ရအောင်
မင်းရဲ့နှလုံးသားထဲ
ကိုယ့်ကို ဖြတ်သန်းသွားလာ ခွင့်ပြုပါ။
 ကဗျာကတော့ ပျင်းတာနဲ့  ရေးမိလိုက်တာပါ ..ကောင်းတော့ မကောင်းဘူး
ပျော်ရွှင်ချမ်းမြေ့ ပါစေ
အလွမ်းမြေ
**သန်းခေါင်ယံ အလွမ်း**
အလွမ်း တချို့ မျက်ရည် တချို့ နဲ့….
ခပ်တိုးတိုးလေး စီးဆင်းလို့….
တိတ်ဆိတ်တဲ့ ညလေးတွေမှာ လရောင်ဖြာကျနေပုံက အစ
အထီးကျန်ဆန်လှတဲ့ ညတွေ
……အချစ် ရနံ့လေးပဲ ဖြစ်ဖြစ်
 နမ်းရှိုက်ခွင့် ရချင်မိခဲ့တာပါ…
ခုတော့လည်း…
လောကရဲ့ တမ်းတမှူ  လွမ်းဆွတ်မှူတွေကို  အဓိပ္ဗါယ်ရှာနေရပြီ..
ဘာလို့…အလွမ်းတွေ နှလုံးသားထဲကို ကြတာပါလိမ့်….။
လွမ်းသောစိတ်နှင့် ငေးမောမိတော့
အလွမ်းရဲ့ ဆုလာဘ်သာ ရရှိခဲ့
အလွမ်းသမားလေးရဲ့  နိဂုံး
ဘယ်သူတွေက ပြုံးလို့
ဘယ်သူတွေ မုန်းနေအုံးမှာလည်း.....
ခုတော့ ခုတော့
ခြေရာပျောက်ခဲ့သော အချစ်လမ်းပေါ်မှာ
ထင်ယောင်ထင်မှား အသံတွေကကြား ဘယ်သူများလည်းနော်......
ညဉ့် ငှက်တို့တစ်ဖျက်ဖျက်ပျံရင်း
ကောင်မလေးရင်တွင်းမှာ
ဘယ်သူကိုတမ်းတမိနေလဲ
အခုတော့
           အလွမ်းသမားလေး တစ်ယောက်သာ တမ်းတ လွမ်းဆွတ်မိနေတာပါ
          ဥယျာဉ်သူ ဥယျာဉ်သားအားလုံး      ရွှင်လန်းချမ်းမြေ့ ကြပါစေသော်.............
    အလွမ်းမြေ
**ရင်ဘတ်လေးထိရှသွားရင် ခွင့်လွတ်ပါဗျာ**
အချစ် ရင်ဘတ်လေး မှားခေါက်ခဲ့မိတယ်
ရင်ဘတ်လေး ထိရှသွားရင် ခွင့်လွှတ်ပါ
ဒီတိုင်းပဲ မိန်းကလေး မင်းရဲ့ ရင်ဘတ်ထဲက
ထွက်သွားခွင့်ပြုပါတော့
လာခဲ့တုန်းက အတိုင်းပါပဲ
နောက်ဆုံးတော့လည်း ငါ့ရဲ့ ရင်ဘတ်ထဲမှာ ဘာမှယူဆောင်မသွားခဲ့ပါဘူး
ငါ့ရောက်ခဲ့တယ်ဆိုတဲ့
မင်းရဲ့ နှလုံးသား မှတ်တမ်းမှာ မင်းဖျက်ချင်ရင် ဖျက်ပစ်လို့ ရပါပြီ
မိန်းကလေး မင်းပြောခဲ့သလိုပေါ့
စိတ်ကစားနေတာပါတဲ့
မင်းပြောခဲ့သလိုပေါ့
ကဗျာလည်းမဆန်ခဲ့ပါဘူး
ဂန္တ၀င်လည်းမတွင်ခဲ့ပါဘူး
ဘာမှလည်းမရရှိခဲ့ပါဘူး
ရင်ခုန်ခဲ့တယ်ဆိုတာလည်း
ငါ့ စိတ်ကစားမိလို့ ဖြစ်မှာပါ
ဗျာ……….ဟုတ်ကဲ့
အချစ်ဆိုတာလား
သြော်……..
ကျွန်တော်က မလေးရှားက အလွမ်းမြေပေါ့ဗျာ
မင်း သိလည်းအပိုပါပဲ ဘာမှမထူးတော့ပါဘူး
ကျွန်တော် အချစ်အကြောင်းပြောရတာ ၀ါသနာမပါဘူး
အလွမ်းအကြောင်းဆိုရင်တော့ လွမ်းရတဲ့သူဆိုတော့ ပြောရတာပေါ့ဗျာ
ဖြည်းဖြည်းလည်းမပြောချင်တော့ပါဘူး
……..ဟုတ်ပါတယ်ခင်ဗျာ
ကျွန်တော် ရင်ဘတ်လေး မှားခေါက်ခဲ့မိပါတယ်
ရင်ဘတ်လေး ထိရှသွားရင် ခွင့်လွှတ်ပေးပါဗျာ……………………….။ ။
အလွမ်းမြေ
** ကျောင်းတော်ကြီး **
တစ်နယ်စီဝေး အမြဲမမေ့
သွေးမအေးပဲ
သတိရ တမ်းတ နေမြဲပါ----------။
ငယ်စဉ်ကလေးဘ၀က
သံယောဇဉ် တွယ်လာခဲ့သူမို့
ဘယ်လိုပင် ဝေးကွာ ဝေးကွာ
ရာသီတွေဟောင်း
နှစ်တွေပြောင်းလည်း
မေ့မရတာ ဖြစ်တတ်တဲ့ သဘာဝပါ..။
ငါ့တို ဘ၀ရဲ့ ကျောင်းတော်ကြီးလည်း
အခုလောက်ဆို ငါတို့ သူငယ်ချင်းတွေကို
လွမ်းနေလောက်ရောပေါ့------။
ဘ၀ရဲ့ အလှည့်အပြောင်းတစ်ခုကြောင့် ခွဲခွာခဲ့ကြရသလို
တစ်နေ့ ကံကြမ္မာကြောင့်ပဲ ငါ့တို့ ကျောင်းတော်ကြီးက သူငယ်ချင်းတွေ
 ပြန်ဆုံရလိမ့်မယ်ဆိုတာ
အမြဲတမ်း
ငါ---ယုံကြည်ထားပါတယ်-----။
ပြန်ဆုံမယ့် နေ့ကို
လက်ချိုးရေတွက်ရင်း
ငါ့ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဆန္ဒအလျောက်
ကြိတ်မှိတ်ငိုနေဆဲပေါ့--------------။
ဒီကဗျာလေးက ညီမလေး တစ်ယောက်အတွက် ရေးဖွဲ့ ထားတဲ့ကဗျာလေးပါ...
ညီမလေးတစ်ယောက် ဘ၀ရဲ့ တောင့်တမှူတိုင်းကို အမြန်ဆုံးရရှိနိုင်ပါစေလို့  အကို ဆန္ဒပြုမိပါတယ်...
အလွမ်းမြေ
မိမိရေးထားသောစာများကို Mp3 ပြုလုပ်နည်း
သူငယ်ချင်းတို့ ရေ မင်္ဂလာရှိသော နေ့ လေးတစ်နေ့ ပါဗျာ..
       အခုတစ်ခါ ကျွန်တော် အွန်လိုင်းမှာ ရှာရင်း ကလိရင်းနဲ့  ဒါလေးကိုတွေ့ လို့  ပြန်လည်မျှဝေပေးလိုက်ပါတယ်...
မိမိရေးလိုက်သောစာများကို အသံ File (MP3) အဖြင့်နားထောင်းချင်တယ်ဆိုရင်တော့အောက်မှာ
ပေးထားတဲ့ Website မှာသွားလုပ်နိုင်ပါတယ်။စာသားများကိုအသံဖြစ်ပြောင်းရာတွင် အသံနှစ်မျိုးပေး
ထားပါတယ်။မိန်းခလေးအသံနှင့်ယောက်ကျားလေးအသံကြိုက်ရာရွှေးပြီအသံသွင်းနိုင်ပါတယ်။
အသုံးပြုနည်း
၁။
Enter text in English တွင်စာများရိုက်ထည့်ပါ။
၂။Male Voice တွင်မိန်ခလေးအသံကြိုက်ရင် Female Voice ကိုရွေးပေးပါ။
၃။Create Mp3 ကိုနှိပ်ပါ။
၎။Save လုပ်လိုလျှင် Download Mp3 ကိုနှိပ်ပါ။
Link :http://vozme.com/index.php?lang=en
ရွှင်လန်းချမ်းမြေ့ ကြပါစေ
အလွမ်းမြေ
** ကောင်မလေး မျက်နှာ **
ကောင်းကင်ပေါ်က မိုးရေလေးတွေ မြေပြင်ပေါ် ကျဖို့  ပျင်းပျစွာ လှုပ်ရှားလို့ လာပြီ
ကောင်းကင်းပေါ် ငေးငေးလေးကြည့်နေတယ်
လမသာ နေမပူ ငါ့ရင်ထဲ နေတွေပူနေတယ်
မြင်နေတဲ့ အရိပ်တိုင်းမှာ မင်းမျက်နှာ ထင်လာလို့ ငါ
ပြုံးလို့တောင်ပြမိပါရဲ့
ကောင်းကင်ပေါ်က ကြယ်တွေတောင် ငါ့ကိုလှောင်လို့ ......
အတွေးတွေ အတိတ်ကို ခဏတာ ပြန်တူးဖော်ကြည့်မိတော့
  ဟူး.ဆိုပြီး  သက်ပြင်းချစရာ မြင်ကွင်း
အလွမ်းတွေကို ခပ်နက်နက်တူးဖော်ရင်း
ကိုယ့်ရင်ဘတ်ကိုယ် ကာရံညိုမိတယ်။
ဟော..အလွမ်း ကဗျာတစ်ပုဒ်
မင်း အတွက် အသင့်ဖြစ်နေပြီ
ငါ စိတ်အစဉ်တွေ ဘယ်ရောက်နေလဲ.
အချစ်လား ...  အလွမ်းလား
ကာရံမညီတာတော့ သေချာတယ်။
အမုန်းလား ..ဒဏ်ရာလား ...
သေချာတော့ ရင်ဘတ်ထဲက လွမ်းဆွတ်မှူတွေ ပြင်းပြလို့ နေလေပြီ။
ဟိုးဝေးဝေးက.......
  နှလုံးသား တစ်စုံရဲ့ တမ်းတလွတ်ဆွတ်မှူကြောင့်
ဒီစာလေးဟာ ကဗျာတစ်ပုဒ်ဖြစ်နိုင်သလို
မင်းနဲ့ ငါ အချစ်ခြင်း စီးချင်းထိုးတဲ့
စာသားတွေလဲ ဖြစ်နိုင်တယ်။
အလွမ်းတွေကိုလဲ
ဘ၀လို့ ထင်ဖူးပီ
အလွမ်းတွေနောက်
အားကုန်လိုက်ရင်း
"ငါ့ ရင်ဘတ်ထဲက နှလုံးသားကိုတောင် ခွဲထုတ်ပစ်လိုက်ချင်ပြီ"
ကျွန်တော်နေတဲ့ malaysia နိုင်ငံ sardam မြို့ လေးမှာ မိုးတွေ အရမ်းရွာနေလို့  ဒီကဗျာလေးကို ရေးမိသွားတာပါ
ရွှင်လန်းချမ်းမြေကြပါစေ
အလွမ်းမြေ
ဥယျာဉ်သူ ညီမ လမင်းငယ်အတွက် မွေးနေ့ ဆုတောင်းကဗျာလေးပါ
မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြတ်အတွင်း၊
လူသားဘ၀၊ အစမှသည်၊
ဒုက္ခအဖုံဖုံ အဆိုးတစ်လှည့် ကောင်းတစ်လှည့်
ကြုံခဲ့သော်လည်း
၊ ယနေ.၂၁.၁၁.၂၀၁၁နေ့ 
၂၇နှစ်တံခါး လာခေါက်သော်လည်း
 စိတ်အစဉ်မခြောက်ခြား ရင်ဖွင့်လို့ ရင်ဆိုင်
ချစ်သော သူငယ်ချင်းများရှိလေပြီ
ဘ၀တစ်ခု အသက်တစ်နှစ်ကြီးလို့ လာပြီး
မခွာစတမ်း ကပ်လျှပ်လိုက်ပါ ပျော်ရွှင်ခြင်းများ
ပွင်လန်းဝေဆာ အနာဂါတ်ခရိး
ဘ၀ လက်တွဲဖေါ်နဲ့ လျောက်လှမ်းမည်။
မိုးကောင်းကင်ထက် ပင်ယံထက်မှာ 
၂၇နှစ်တိုင်တိုင် ရောက်ရှိလို့ လာပြီ
ပိတောက်ကံကော်
တော်ဝင်သဇင်
စံပယ်နှင်းဆီ
ဝါနီဖြူအလှ
ပန်ဆင်သကာ
ထာဝစဉ် လန်းရွင်လျှက်
ယနေ့ မှစပြီး သက်တော်ရာကျော်ရှည်စေသော်
ယနေ့ မှစပြီး နောင်နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်တိုင်တိုင် ပျော်ရွှင်ချမ်းမြေ့ တဲ့မွေးနေ့ လေးတွေကိုဖြတ်သန်းနိုင်ပါစေလို့ 
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ညီမ လမင်းငယ်
ယနေ့  ၂၇ နှစ်ပြည်မြောက်သော မွေးနေ့ လေးသည် ပျော်ရွှင်စရာအတိနှင့်ဖုံးထားသော ပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ 
အကိုတို့ ရွှေမြန်မာဥယျာဉ် မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..
အလွမ်းမြေ
Saturday 18 June 2011
ရွှေမြန်မာဥယျာဉ်မှ ငှက်ပျောသီးပွဲတော်............
စနေနေ့  တွင် ကျွန်တော်  မောင်မောင်(အလွမ်းမြေ) ပျင်းနေတာနဲ့   ကော်ဖီ ခါးခါးလေး တစ်ခွက် ရယ် စီးကရက် တစ်လိပ် ရယ် နဲ့ 
ဇိမ်ကြ နေစဉ် သကာလ ……။
“ ဂျာနယ် တွေ ရမယ် သတင်းထူး အတင်းထူး တွေ ပါတဲ့ သတင်းထူး ဂျာနယ် တွေ ရမယ် ။
ပါလို့ ဆိုပဲ …သိချင် ဝယ်ဖတ် တစ်စောင် မလေးရင်းဂစ်(၅)ကျပ် ထဲ ရယ် ”
သို့ နှင့် ညစဉ် အိပ်ယာ မဝင်ခင် ငှက်ပျောသီး နှင့် နွားနို့ ကို နှစ်ခြိုက်စွာစားသောက်လေ့ ရှိသူ
ကျွန်တော် မောင်မောင်(အလွမ်းမြေ)ခဗျာရတက်မအေး လောက်အောင် ဖြစ်သွားပြီး ဂျာနယ် တစ်စောင် ပြေးဝယ် ဖတ်ကြည့်
ဖြစ်ထွန်းအောင်မြင် လျှက် ရှိကြောင်း ။ သို့ သော် ယနေ့ ခေတ်တွင် ကြက်ငှက် တုတ်ကွေး ရောဂါ မှာ လွန်စွာ ဖြစ်ပွား နေကြောင်း ။
ကိုကောင်းကင် ၏ ငှက်ပျောခြံ တွင်း တွင် လာရောက် ခိုနားကြသော ငှက်ကောင်ရေ မှာ များနေသည် ကို တွေ့ ရကြောင်း ။
ထို့ ကြောင့် ထိုခြံထွက် ငှက်ပျောသီး များတွင် ကြက်ငှက်တုတ်ကွေး ပါမည် မှာ သံသယ ရှိစရာ မလိုကြောင်း တိုင်းသူပြည်သားများ
သိစေရန် ရေးသားလိုက်ရကြောင်း ” ဟု ရေးသားထားသည် ကို တွေ့ ရလေသည် ။
အောက်မှာ သတင်းရေးသူ ကို ကြည့်လိုက်တော့  “ တကယ် ဒိတ်ဒိတ်ကြဲ ကိုစောနောင် ” တဲ့ နာမည် က ။
ဒါနဲ့ ကျွန်တော် မောင်မောင်(အလွမ်းမြေ) လဲ ငှက်ပျောသီး ကို ဆက်စားရမလား မစားရမလား (အူကြောင်ကြောင်ကောင်လေး)လို
မျက်ဆိက ပေကလပ် ပေကလပ် ဖြစ်သွားသည် ။
ကြက်ငှက်တုတ်ကွေး ဖြစ်မှာ လဲ ကြောက်မိတာ ကိုး ။
ဒီလို နဲ့  နောက် ၂ ရက်ခန့် ကြာတော့  ရပ်ကွက်ထဲ သတင်းတွေ ပြန့် လာတယ် ။
အဲဒီ သတင်းတွေ ။ လူတွေ က လဲ ငှက်ပျောသီး ကို သံသယ ရှိလာကြတယ် ။
ငှက်ပျောသီး ရောင်းတဲ့ သူ တွေ ဆိုရင်လည်း
မမeversmile ခေါ် (အချစ်ပန်းသီး ဘုရင်မ)   မေသက်ထာဝင်း ခေါ်(အညာသူမ)   စိမ်းမစိမ်း ခေါ်(အရယ်မလေး)
  အေးမြခိုင် ခေါ်(မဂေါက်တစ်ဂေါက်)    ခိုင်ဂျုလိုင်မိုး ခေါ် (မိဖုရား)   မနှင်းနှင်း ခေါ်(ဂေါက်တောက်တောက် မင်းသမီး)  
           မခိုင်မာ ခေါ် (မခိုင်တစ်ခိုင်)    တရားခံ ကြီး တွေ လို အကြည့်ခံနေ ကြရတာ ကို တွေ့ ရတယ် ။မျက်နှာလေး တွေ ကို ငယ်လို့ 
။  နောက် ၃ ရက်လောက်ကြတော့ ထုံးစံ အတိုင်း ဂျာနယ် လက်ပွေ့ သည်လေး ဂီတဘုရင် ကိုဒေးဗစ်ကြီး ရောက်လာပြန်တယ် …။
တရားစွဲ ရန် ပြင်ဆင်နေခြင်း သတင်း များ ”
ဒါနဲ့ တစ်စောင် ဝယ်လိုက်ပြန်တယ် ။  “ ရိုးရိုးသားသား ပုံမှန်အတိုင်း ခြံ စိုက် စား သူ ကိုကောင်းကင်  အနေဖြင့် သူ့ ငှက်ပျောသီး များ
အကြောင်း မဟုတ်တစ်ဟုတ်ရေးတဲ့ သူ ဒိတ်ဒိတ်ကြဲ ကိုစောနောင် နှင့် သတင်းထူး ဂျာနယ်တိုက် ပိုင်ရှင် ကိုနှူးညံ ခေါ်
(ကိုဗျောတစ်ဗျော)၀ါးသအော  တို့ အား ပြန်လည် တောင်းပန် ရန် မဟုတ်မှန်သော သတင်းအတွက် ဖြေရှင်းပေးရန်
အကြောင်းကြားထားကြောင်း ။ မဟုတ်ပါက တရားစွဲ သည် အထိ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဖွင့်ဟ လာသည် ဟု သိရသည် ။
ထိုအခါ သတင်းထူး ဂျာနယ် က တောင်းပန်စာ ဖြေရှင်းပေးဖို့ အင်းမလုပ် အဲမလုပ်
အူကြောင်ကြောင်ကောင်လေးလို  ပေကပ်ကပ်လုပ်နေကြောင်း နှင့် ထိုသတင်း ကို ထည့်သူ ဒိတ်ဒိတ်ကြဲ ကိုစောနောင်  ဆိုသူ ကို ဂျာနယ်
တိုက် အနေဖြင့် ထိုသတင်း ရေးသူ ကို ယခင် က မသိခဲ့ကြောင်း ၊ ယခု မှ စတင်ရေးသူ တစ်ဦး ဖြစ်နိုင်ကြောင်း ။
သူတို့ ဂျာနယ် တိုက် အနေ ဖြင့် လည်း စောင်ရေ နဲပါး သဖြင့် တစ်ကြောင်း ။ ကြက်ငှက် တုတ်ကွေး နှင့် ငှက်ပျောသီး ငှက် ဆိုသော
စကားလုံး ပါပုံ ခြင်း တူနေသဖြင့်  ပြည်သူတို့ ၏ ကျန်းမာရေး ကို လွန်စွာ စိုးရိမ် စိတ်ပူ သွားသဖြင့် ရမ်းသမ်း ထည့်လိုက်ခြင်း ဖြစ်ကြောင်း
” ရေးသား ထားသည် ကို ဖတ်ရသော အခါ ကျွန်တော်  မောင်မောင်(အလွမ်းမြေ) မှာလဲ လွန်စွာ စိတ်တို သွားသည် ။
ကျွန်တော်   နေ့ စဉ်
စားနေကြ နို့ ငှက်ပျောပေါင်း မှာ သူတို့ ကြောင့် တစ်ပတ် ခန့် ပျက်ကွက် သွားရသည် မဟုတ်ပါလော ။
အပေါ်မှာ ရေးသားဖော်ပြပေးထားတဲ့  ငှက်ပျောသီးသည် အားလုံး ခဗျာ လည်း ထို သတင်း ကြောင့် တရားခံ ကြီး တွေ လို ထင်မှား ခံ
ရတာ တွေ ဘယ်လို ရှင်းကြမလဲ ။ ခက်တော့ ခက်တယ် သတင်းထူးရယ် ။
မင်းတို့ ကို လည်း အပြစ် မတင် ရက်တော့ပါ ။
သတင်း ဆိုလျှင် စပ်စုပြီး အယုံလွယ်သူ ငါ့ကိုယ် ငါ ပဲ အပြစ်တင် လိုက်တော့ မယ် ဟုသာ ။
ပျော်ရွှင်နိုင်ကြပါစေ..........
မောင်မောင်(အလွမ်းမြေ)
Monday 6 June 2011
မရုန်းနိုင်တဲ့...လွမ်းဂယက်
အလွမ်းဆိုတာ
ကောင်းတဲ့ အရာမဟုတ်ဘူးဆိုတာ မင်း သိခဲ့ရင်
ငှက်ကလေးရေ ...
မင်း မျက်နှာကို ခဏ၀ှက်ပေးထားသင့်တယ် ...
လွမ်းဆွတ်ခြင်း ဆိုတာ 
ပျော်ဖို့ ကောင်းတဲ့ အရာမဟုတ်မှန်း မင်း သိခဲ့ရင်
ငှက်ကလေးရေ ...
ငါရှေ့ကမင်း ထွက်ခွာ သွားသင့်တယ် ...
အခုတော့လည်း
 ကြယ်ကလေးတွေက လင်းလက်ပြီး
လေညင်းကသင်း
ငါ့ ရင်ဘက်ထဲမှာလည်း အလွမ်း ထူနေပြီ ...
အလွမ်းတွေ ဘယ်လိုပဲ ထူထူ
ငါ့ ကိုယ်တိုင်က
မရှောင်ဘဲနဲ့  အတင်းတိုးဝင်ခဲ့မှတော့
သန်းခေါင်ကျော် မိုးလင်းလဲ
အဲဒီအလွမ်းလောက်ကတော့ သနားတယ်......
သနားတယ် လို့ တောင် အော်ပြောလိုက်ချင်မိသေးပါရဲ့...
ငှက်ကလေးရေ..မင်း ပေးခဲ့တဲ့ အလွမ်းတွေကို
လည်စင်းကာခံပြီး
ရင်ဘက်ထဲမှာ တော်တော်နက်သမို့
ဘယ်လိုပင် လှမ်းတက် လှမ်းတက်
 မရုန်းနိုင်တဲ့...လွမ်းဂယက်
လွမ်းဂယက်မှာပဲ တစ်ဝဲလည်လည် ...
အချစ်ဖူးစာရှင်ကြီးရယ် 
လွမ်းရက်တွေ  ရှည်ကြာလိုက်ပုံများ
မိုးကောင်ကင်ကြီးကတောင် မိုးမရွာသွန်းပေးနိုင်တော့ဘူး..
  ငါ့ ရင်မှာလွမ်း
အလွမ်းကို ခုံမင်သူ
မောင်မောင်(အလွမ်းမြေ)
Sunday 5 June 2011
ကျွန်တော်ရဲ့ ကိုယ်တွေ့  ချစ်ဇာတ်လမ်းလေး တစ်ပုဒ်
အချစ်ဆိုတာ. . .
နှစ်ကြာလေလေ..ဆွေးလေလေပဲ..ပြောရမယ်ဆို ၀ိုင်အရက်နဲ့ တူတယ်ဆိုရင်မမှားဘူး.
အနောက်နိုင်ငံတွေမှာ အချစ်ကို အမျိုးမျိုး ထင်တတ်ကြတယ်...
အခုလိုသာ ဒီလို ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရမှန်း ကျွန်တော် သိခဲ့မယ်ဆိုရင်…….
အချစ်ဆိုတာကြီးကို ချစ်တတ်ဖို့ စဉ်းစားခဲ့မှာ မဟုတ်ဘူး....
ကျွန်တော် ရှေ့မှာ ကျွန်တော် ချစ်သူ ကိုတွေ့နေရတယ်….ရီဝေေ၀အကြည့်ချစ်သူလေးရဲ့ လက်ကို ကျွန်တော်က လက်ကမ်း လို့ပေါ့......
ကျွန်တော် လက်လှမ်းလိုက်ချိန်မှာ…. ကျွန်တော် အသက်ထက်မက ချစ်ရတဲ့ ချစ်သူလေး ….. ကျွန်တော်ရှေ့က ပျောက်သွားတယ်……..
မီးခိုးရောင် လွင်ပြင်ကြီးထဲမှာ ကျွန်တော် … ချစ်သူ ပျောက်လို့လိုက်ရှာနေရလေရဲ့
ချစ်သူ ဘယ်မှာလဲ.. ကျွန်တော် မောဟိုက်ပင်ပန်းလှပါပြီ …. ရင်ခုန်သံတွေလဲ ဆူညံလို့ပေါ့…..
ဦးတည်ရာမဲ့တဲ့ လွင်ပြင်ကျယ်ထဲမှာ… ကျွန်တော် တစ်ယောက်တည်းပါ……………………..
မွန်းကျပ်မှုနဲ့အတူ ကျွန်တော်ရဲ့ အိပ်မက်ကနိုးလာတယ်…
ဒါ .. အိပ်မက်ပဲ”…
ရေအေးအေး တစ်ခွက်သွားသောက်ပြီး ကျွန်တော် အခန်းထဲပြန်ဝင်လာတယ်.. မီးခလုတ်ပိတ်ဖို့
နံရံဆီ လက်အလှမ်းမှာ…..
အမျိုးအမည်မသိတဲ့ အာရုံတခုနဲ့ အတူ ကျွန်တော် ကျောထဲက စိမ့်ကနဲ ခံစားလိုက်ရတယ်…
အခန်းထောင့်ကိုကြည့်လိုက်တော့ မိန်းကလေးတယောက်…
သူမ အကြည့်က အရမ်းကို အထီးကျန်ဆန်နေတယ်... …မီးရောင်မှိန်မှိန်အောက်မှာ သူမဆံနွယ်ရှည်တွေက
ပိုးသားအနက် လို ပြောင်လက်တောက်ပနေတယ်.. စူးရှတဲ့ သူမမျက်ဝန်းထဲမှာ.. ကြေကွဲရိပ်တွေယှက်သန်းနေတယ်
ဖြူဖျော့ပါးလျတဲ့ သူမ နှုတ်ခမ်းကနေစကားစလာတယ်…
မောင်ရေ မောင်ကို အရမ်းသတိရလိုက်တာ....
{ မောင်ကော ချစ်သူကို သတိရလား””
မောင်ကို အရမ်းချစ်တယ် မောင်ရယ်..
မောင်ကို အမြဲတမ်း တွေ့ လို့ မရတော့ဘူး...
တဖြည်းဖြည်းနဲ့ အသံက ဝေးကွာသွားခဲ့ရလေပြီ..
“““ဒီအသံလေးရဲ့ ပိုင်ရှင် ဖြစ်တဲ့ ကျွန်တော် ချစ်သူနဲ့ သေကွဲကွဲခဲ့ရတယ်.....“““
စိတ်ကောင်းမရှိတဲ့လူတွေကြောင့်ပေါ့ ၊ ကျွန်တော် ချစ်သူကို ကျွန်တော်
ရှေ့ မှာတင် အသေဆိုးနဲ့  သေစေခဲ့ကြတယ်လေ…
လူတွေကို မုန်းတီးတဲ့စိတ်နဲ့ ကျွန်တော်ကိုယ့် ကျွန်တော်...ကျိန်စာတိုက်ခဲ့တယ် ၊။။
နောင် ဘ၀အဆက်ဆက်တိုင်း ကျွန်တော် နှလုံးသားက မချစ်တတ်မိပါစေနဲ့ လို့ ။။
အဲဒီလိုမျိုး နောက်တစ်ခေါက် ချစ်သူနဲ့သေကွဲ ကွဲရမှာ ဆိုးလို့ ပါ
ကျွန်တော် တစ်ညလုံး အိပ်မပျော်ခဲ့ပါဘူး ၊ ရင်ထဲမှာ လောင်မြိုက်လို့ပေါ့ …..
ဒီလိုနဲ့ မိုးစင်စင် လင်းလေပြီလေ..
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ …ကျွန်တော် ရဲ့ ‘နှလုံးသားကို သေဆုံးစေခိုင်းလိုက်ပါပြီ.....
ပြီးရင် ကျွန်တော် ချစ်သူလေးကို တစ်ဘ၀လုံး အဖော်ပြုပေးနေတော့မယ်...
လို့ နှလုံးသားက ဆုံးဖြတ်ချက် ချလိုက်မိတယ်...
ကျွန်တော်ရဲ့ ကျန်ရှိနေတဲ့ နောက်ဆုံး အချိန်တွေကို ချစ်သူ နဲ့အတူ ကုန်ဆုံးချင်လို့ပါ..
တစ်နေ့ လုံး ချစ်သူ ရဲ့လက်ကိုမြဲမြဲတွဲလို့ လမ်းတွေလျှောက်ခဲ့တယ်၊ ချစ်သူရဲ့ ရင်ခွင်ထဲမှေးစက်ခဲ့တယ်
ချစ်သူ က ကျွန်တော် အတွက် လက်ဆောင် ဆိုပြီး လည်စည်းပ၀ါလှလှလေး ၀ယ်ပေးတယ်လေ..
လည်စည်းလေးက ကျွန်တော် လည်တိုင်မှာ ကျော့ရှင်းစွာနဲ့ နေရာယူလို့ပေါ့…….
-“မောင်”
ပြောလေ.. ချစ် ရဲ့”
မောင် ရင်ခွင်ထဲမှာ ခဏလောက် မှေးချင်တယ်..
ခဏ မဟုတ်ဘူး....
တစ်သက်လုံး မှေးနေ..
  • ချစ် ရဲ့”
  • ချစ် ဒီနေ့အရမ်းထူးဆန်းနေတယ်နော်၊ မလုပ်ဖူးတာတွေလဲလုပ်၊ မပြောဖူးတဲ့စကားတွေလဲပြောနဲ့
  • အရမ်းလည်းတည်ငြိမ်နေတယ်၊ အရင်လိုနေစမ်းပါကွာ၊ ချစ် တခုခုဖြစ်နေပါတယ်၊
  • မောင့် ကိုပြောကြည့်ပါလား၊ မောင် လဲမျှဝေခံစားပေးရတာပေါ့”
  • ချစ်သူလေးရဲ့ ရင်းတွင်းခံစားချက်
  • ရီဝေစွာနဲ့ ကြည့်နေတဲ့ ကျွန်မ သိပ်ချစ်ရတဲ့ မောင့် ကို ကျွန်မ ဘယ်လိုပြောပြရမလဲ
  • မောင့်အနားကနေ ဘယ်လိုနည်းနဲ့ ကျမ ထွက်သွားရမှာလဲ….???
  • ပဟေဠိ တွေ မေးခွန်းတွေ လဲ မောင့်ကို မပေးခဲ့ချင်ဘူး…..
  • ကျမ မောင့်ကို အားယူပြီးပြုံးပြ မိတယ်…
  • -“တနေ့ တော့သိရမှာပေါ့ မောင် ရယ်” လို့ ကျမပြောတော့..
  • နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ မောင် ကြည့်နေတယ်လေ………..
  • - “မောင်… ချစ်ပြန်တော့မယ်၊ မောင်လဲပြန်တော့”
  • ဒီလောက်ညဉ့်နက်နေတာကို တယောက်ထဲပြန်မလို့လား? ….မောင် လိုက်ပို့မယ်နော်”
  • - “ဟင့်အင်း.. မောင်ပြန်တော့ဆို.. ချစ်ပြောနေတယ်လေ”
  • ချစ် … ဒီနေ့ဘာတွေဖြစ်နေတာလဲ..စိတ်ညစ်စရာရှိလဲ မောင့်ကိုပြောလေကွာ”
  • - “ ဒါဆို လဲ ပြောမယ် … မောင့် ကို အရမ်းချစ်တယ် ”
    မောင့် ကိုထားခဲ့ပြီး ကျမ ထွက်လာခဲ့တယ်၊ မောင် ကျမနောက်လိုက်လာတယ်
  • လမ်းကူးပြီး တဖက်အရောက် ခပ်ပြင်းပြင်းတိုက်လိုက်တဲ့ ဆောင်းလေ အဝှေ့မှာ…….
  • ကျွန်မကို မောင် ပေးထားတဲ့ လည်စည်းလေး လွင့်သွားတယ်…….
  • လမ်းမ အလယ်မှာ ကျနေတဲ့ လည်စည်းလေးကို နောက်ကလိုက်လာတဲ့ မောင်
  • ကောက်နေတာ .. ကျမတွေ့တယ်……
  • ထိုအချိန်………………
  • ကျမ မျက်စိတွေပြာသွား တဲ့တိုင်အောင်စူးရှတဲ့ အလင်းတန်းတစ်စုံ…….ကား တစ်စီးလာနေပါလား..
  • လမ်းမအလယ်မှာရပ်ပြီး ပ၀ါလေး ဝှေ့ယမ်းပြနေတဲ့“မောင်”
  • ကျမ မောင့်ဆီပြေးသွားပြီး မောင့် ရဲ့ ရင်ခွင်ကို လက်အစုံနဲ့ တွန်းလိုက်မိတယ်…
  • အဲ့ဒီနောက်…… ……. ……. ……. ……. ……. …….. 
  • ကျမ မြင်နေရတာတဲ့ မြင်ကွင်းက ….
  • မောင့် ရင်ခွင်ထဲမှာ ကျမ ရဲ့ အသက်မဲ့တဲ့ ခန္နာကိုယ် .. လည်စည်းလေးမှာလည်း..
  • သွေး တွေ.. အကျည်းတန်စွာ စွန်းထင်းလို့ပေါ့….
  • မောင် ငိုနေတယ် … … …
  • မောင် ကျမကြောင့် မျက်ရည်ကျရတဲ့ အတွက် ကျမ ရင်ထဲမှာ နာလိုက်တာ မောင်ရယ်….
  • မောင် ရှေ့က ပဟေဠိ ဆန်စွာ ထွက်ခွာခွင့်မပေးခဲ့တဲ့ ကံကြမ္မာ ကိုတော့ ကျမ ကျေးဇူးတင်မိပါတယ်….
နှုတ်ဆက်ခဲ့ပါတယ် မောင်.. ထာဝရနူတ်ဆက်ခဲ့ပါတယ်…”
ကျွန်တော်ရဲ့ အိမ်လေးထဲကနေ နေ့စဉ် စောင့်မျှော်နေပါတယ်.....
ဒီ လွမ်းခြင်းတွေက ကျွန်တော် သေသွားမှပဲ အဆုံးသတ်တော့မှာပါ..
ဒါကြောင့် ကျွန်တော် မရောက်လာသေးတဲ့ သေခြင်းတရားကို ကျွန်တော်က စောင့်မျှော်နေပါတယ်..
မြန်မြန်ရောက်လာပါစေလို့ လည်း ဆုတောင်းမိပါတယ်..
ဒါမှ ကျွန်တော် အရမ်းချစ်ရတဲ့ ချစ်သူလေးနဲ့  အမြန်ဆုံး ဆုံဆည်းနိုင်မှာ..
ချစ်သူတွေ ကို ကျွန်တော့ လို အဖြစ်ဆိုး မျိုးမကြုံစေချင်ဘူး……
ဒါ ကျွန်တော်ရဲ့ နောက်ဆုံး ဆန္ဒ ဆိုရင် ချစ်သူ အပြစ်ဆို မှာလား? ……
ချစ်သူ တစ်ယောက် ကောင်းရာသုဂတိလားပါစေ.
.နောက်ဘ၀ အဆက်ဆက်တိုင်း ချစ်သူနဲ့ ဆုံဆည်းရပါစေ .. ချစ်ရယ်
ချစ်သူတိုင်းလဲ ဆုံစည်း နိုင်ကြပါစေ ~~~ ~~~ ~~~
ဒီဝတ္တုလေးသည် လွန့် ခဲ့သော ၅လခန့် က ဖြစ်ပျက်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်အား
ကျွန်တော် ကိုယ်တိုင် ခံစားပြီး ရေးစပ်ထားခြင်းဖြစ်ပါသည်..
သူငယ်ချင်းတို့ လည်း ခံစားပေးနိုင်မယ်လို့ လည်း ထင်မိပါတယ်..
ဥယျာဉ်သူ ဥယျာဉ်သားများ လိုအင်ဆန္နများ ပြည့်ဝနိုင်ပြီး
ချစ်သူရှိကြတဲ့လူတိုင်း ဆုံဆည်းနိုင်ကြပါစေ..
မောင်မောင်(အလွမ်းမြေ)
လွန်ခဲ့တဲ့ 2ပတ်လောက်က စင်္ကာပူမှာဖြစ်သွားတဲ့ အကြောင်းအရာလေးပါ...
ကောင်မလေးတစ်ယောက် (မ----)  စင်္ကာပူမှာ ကျောင်းပီးလို့ အလုပ်ရှာနေတုန်းပါ..
ကောင်မလေးက သူ့ အမေနဲ့အတူနေပါတယ်....
အရွယ်ကလေးကလဲရလာပီဆိုတော့ ရည်းစားလေးထားကြည့်တာပေါ့....
တနေ့ ကောင်လေးက ကောင်မလေးကို သူနဲ့အတူနေဖို့ တောင်းဆိုပါတယ်...(ကောင်လေးကလဲ မြန်မာနိုင်ငံကပါပဲ..)
ဟိုမှာ တွေ့ ရင်းကြိုက်သွားကြတာပေါ့....
ကောင်လေးကအဲ့လိုနေဖို့ တောင်းဆိုတော့ ကောင်မလေးကလဲ ဘာမှမဖြစ်လောက်ပါဘူးဆိုပီးတော့ လက်ခံလိုက်ပါတယ်...
ပီးတော့ ကောင်လေးက ကောင်မလေးနဲ့အတူရှိ နေစဉ်ဖြစ်အပျက်များ အားလုံး(အစအဆုံးကို)   video camera နဲ့ မှတ်တမ်းတင်ပီး
အင်တာနက်ပေါ်ကို upload လုပ်လိုက်ပါတယ်... ကောင်မလေးက ဒီကိစ္စကိုလဲ သိရော ကောင်လေးကို တာဝန်ယူဖြေရှင်ေးပးဖို့ ပြောပါတယ်....
(ကိုယ်ဝန်ရှိသွားတယ်ဆိုရင်တောင် ဆရာဝန်တွေနဲံတိုင်ပင်ပီးတော့ ဖြေရှင်းလို့ရပါသေးတယ်.. ခုဟာက အင်တာနက်ဆိုတော့တော်တော့်ကိုမလွယ်တဲ့ ကိစ္စပါ.)
ကောင်လေးက ဘာမှမဖြေရှင်းပေးဘဲ ခေါင်းရှောင်သွားပါတယ်...  တခြားနိုင်ငံကိုတောင် ထွက်ပြေးသွားပီလို့ သိထားပါတယ်..
 ကောင်မလေးကတော့ နောက်ဆုံး ဘာမှမတတ်သာတော့ပဲ တိုက်ပေါ်ကနေ ခုန်ချပီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားပါတယ်...
ကောင်မလေးအမေမှာ အခု ဖြေရာမရဖြစ်နေသလို...ကောင်မလေးအဖေကိုလဲ ရင်မဆိုင်ရဲတာကြောင့် ရန်ကုန်ကိုလဲ မပြန်နိုင်ဖြစ်နေရပါတယ်...
ဒါပေမဲ့ လူစိတ်မရှီတဲ့ (လူလို့ တောင်ပြောလို့ မရတဲ့ကောင်ပါ) (ကိုယ့်မြန်မာအချင်းချင်းကိုတောင် အညှာမတာ လုပ်ရက်တယ်...) ကောင်ကိုတော့ မြန်မာနိုင်ငံမှာ အမှုဖွင့်ထားပါတယ်...
ဒီကောင် မြန်မာပြည်ကိုတော့ ဒီတစ်သက်ပြန်လာလို့ မရတော့ပါဘူး..ပြန်ရောက်တာနဲ့  ထောင်ထဲတန်းရောက်မှာပါ.....
ဒီလို လူစိတ်မရှိတဲ့ကောင်ကြောင့် အမြတ်တနီုးတန်ဖိုးထားထားတဲ့ကောင်မလေးတစ်ယောက် မိဘရင်ခွင်ထဲကနေ ထွက်ပီး အဆုံးစီရင်သွားရရှာပါတယ်..
အဲ့ဒါကြောင့် ပြောချင်တာက
 စင်္ကာပူရောက်မြန်မာ မိန်းခလေးများ ( ဘယ်နိုင်ငံပဲရောက်ရောက်..ကိုယ့်နိုင်ငံအတွင်းမှာတောင် စိတ်မချရဘူး.)ဘယ်ရည်စားနဲ့မှ အတူမနေမိစေဖို့ ပါ...
အထူးသတိပြုကြပါ မမတို့ ရေ.....
မောင်မောင်(အလွမ်းမြေ)
ရွှေမြန်မာဥယျာဉ်မှ ဆွဲဆောင်မှူ...
မျက်စိကို စုံမှိတ်ထားပါလျက်
ရွှေမြန်မာဥယျာဉ်ကို သတိရသည့်အခါ
တရွေ့ ရွေ့ သွားနေသော
တိမ်များကို မြင်နေရပါသည်။
အလွန်ဝေးကွာသည့် အရပ်ကိုရောက်နေပါလျက်
ရွှေမြန်မာဥယျာဉ်ကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ရွှေမြန်မာဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ
အလွန်မွှေးကြိုင်သင်းပျံနေသော
နှင်းဆီရနံ့ကိုခံစားရရှိနေတတ်ပြန်ပါသည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ…
ရွှေမြန်မာဥယျာဉ်သာ ဖြစ်ပါ၏
မောင်မောင်(အလွမ်းမြေ)
Alwanmyay
mmmkkn@gmail.com
Alwanmyay
mmskkn@gmail.com