အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ

Wednesday 23 November 2011

**ဖြတ်သန်းသွားလာ ခွင့်ပြုပါ**

နှလုံးသားလေးတစ်စုံအတွက်

ဟောဒီရင်ဘတ်

တလှပ်လှပ်



မိုးသားတွေ အုံ့ ဆိုင်းလာပြီ

ကယ်....မိုးမင်းကြီးရေ

မင်းနဲ့ ငါ အချစ် ပြိုင်မယ်

ရောက်ရာအရပ်မှာ ရွာနိုင်သလောက်သာ ရွာပေတော့

မင်းပဲ ရွာနိုင်မလား ..ငါပဲ ချစ်နိုင်မလား


ဖြစ်နိုင်မယ်ဆိုရင်

ဟောဒီ ရင်ဘတ် တစ်ခုလုံးကို ခြွေချ

ချစ်တတ်လာအောင် ကြွေပြချင်တာလေ။



ကလေး အမူအယာနဲ့

ကိုယ့်ရဲ့ အချစ်နတ်သမီးလေးရေ.........

ရင်ခုန်သံချင်း လမ်းလျှောက်လို့ ရအောင်

မင်းရဲ့နှလုံးသားထဲ

ကိုယ့်ကို ဖြတ်သန်းသွားလာ ခွင့်ပြုပါ။

 ကဗျာကတော့ ပျင်းတာနဲ့  ရေးမိလိုက်တာပါ ..ကောင်းတော့ မကောင်းဘူး

ပျော်ရွှင်ချမ်းမြေ့ ပါစေ

အလွမ်းမြေ

No comments:

Post a Comment