အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ

Monday 6 June 2011

မရုန်းနိုင်တဲ့...လွမ်းဂယက်


အလွမ်းဆိုတာ

ကောင်းတဲ့ အရာမဟုတ်ဘူးဆိုတာ မင်း သိခဲ့ရင်

ငှက်ကလေးရေ ...

မင်း မျက်နှာကို ခဏ၀ှက်ပေးထားသင့်တယ် ...


လွမ်းဆွတ်ခြင်း ဆိုတာ 

ပျော်ဖို့ ကောင်းတဲ့ အရာမဟုတ်မှန်း မင်း သိခဲ့ရင်

ငှက်ကလေးရေ ...

ငါရှေ့ကမင်း ထွက်ခွာ သွားသင့်တယ် ...

အခုတော့လည်း

 ကြယ်ကလေးတွေက လင်းလက်ပြီး

လေညင်းကသင်း

ငါ့ ရင်ဘက်ထဲမှာလည်း အလွမ်း ထူနေပြီ ...

အလွမ်းတွေ ဘယ်လိုပဲ ထူထူ

ငါ့ ကိုယ်တိုင်က

မရှောင်ဘဲနဲ့  အတင်းတိုးဝင်ခဲ့မှတော့

သန်းခေါင်ကျော် မိုးလင်းလဲ

အဲဒီအလွမ်းလောက်ကတော့ သနားတယ်......

သနားတယ် လို့ တောင် အော်ပြောလိုက်ချင်မိသေးပါရဲ့...


ငှက်ကလေးရေ..မင်း ပေးခဲ့တဲ့ အလွမ်းတွေကို

လည်စင်းကာခံပြီး

ရင်ဘက်ထဲမှာ တော်တော်နက်သမို့

ဘယ်လိုပင် လှမ်းတက် လှမ်းတက်

 မရုန်းနိုင်တဲ့...လွမ်းဂယက်

လွမ်းဂယက်မှာပဲ တစ်ဝဲလည်လည် ...


အချစ်ဖူးစာရှင်ကြီးရယ် 

လွမ်းရက်တွေ  ရှည်ကြာလိုက်ပုံများ

မိုးကောင်ကင်ကြီးကတောင် မိုးမရွာသွန်းပေးနိုင်တော့ဘူး..

  ငါ့ ရင်မှာလွမ်း

အလွမ်းကို ခုံမင်သူ
မောင်မောင်(အလွမ်းမြေ)

No comments:

Post a Comment