အလွမ်းမြေ ဘလော့ဂါလေးကို လာရောက်လည်ပတ်ကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

အလွမ်းမြေ ဘလော့ကို ရောက်လာသူများ အလွမ်းတွေကင်းဝေးကြပါစေ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ အားလုံးပဲရွှင်လန်းချမ်းမြေ့ ကြပါစေ

Sunday 5 June 2011

ရွှေမြန်မာဥယျာဉ်မှ ဆွဲဆောင်မှူ...

မျက်စိကို စုံမှိတ်ထားပါလျက်


ရွှေမြန်မာဥယျာဉ်ကို သတိရသည့်အခါ

တရွေ့ ရွေ့ သွားနေသော


တိမ်များကို မြင်နေရပါသည်။


အလွန်ဝေးကွာသည့် အရပ်ကိုရောက်နေပါလျက်


ရွှေမြန်မာဥယျာဉ်ကို စဉ်းစားမိသည့်အခါ


လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။


အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်


ရွှေမြန်မာဥယျာဉ်ထဲသို့စိတ်ရောက်သွားသည့်အခါ


အလွန်မွှေးကြိုင်သင်းပျံနေသော


နှင်းဆီရနံ့ကိုခံစားရရှိနေတတ်ပြန်ပါသည်။


သေဆုံးသည်အထိ


မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ…


ရွှေမြန်မာဥယျာဉ်သာ ဖြစ်ပါ၏



မောင်မောင်(အလွမ်းမြေ)

No comments:

Post a Comment